တန့်ဆည်သားလေးအကြောင်းသိကောင်းစရာ

တန့်ဆည်မြို့ဆိုတာ တကယ်ကတောမြို့လေးတစ်မြို့ပါ စစ်ကိုင်းတိုင်းအထက်ပိုင်း ရွှေဘိုခရိုင်ထဲက
မြို့လေးပါ ရှေးလူကြီးတွေမှတစ်ဆင့်ပြီးတဆင့် လက်ဆင့်ကမ်းခဲ့တဲ့ စကားလေးတစ်ခွန်းရှိပါတယ် စ
ကားဆိုတာထက် လူတစ်ယောက်လို့ပြောရင်ပိုမှန်ပါလိမ့်မယ် အဲ ..ကိုယ့်ဂုဏ်ကိုဖော်မသူတော်ဆိုတော့
ကာဂုဏ်ဖော်ခြင်းမဟုတ်ရပါ စကားကြီးစကာကျယ်ပြောရရင် အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးပေါ့လေ
(ဘယ်သူမှမမြှောက်တော့လည်း ရှာကြံပြီးမြှောက်ရတာပေါ့နော် )တစ်ချိန်က နန်းတွင်းရဲ့ ပညာရှိအမတ်
အဲ.....မင်းသုံးဆက်အမတ်ပါ(ကြွားချင်လို့မဟုတ်ရပါ)ဦးပေါ်ဦးရဲ့မွေးရပ်မြေလို့ပြောရမှာပေါ့နော့
တန့်ဆည်သားလေး၏ Blog ရေးခြင်း၏ရည်ရွှယ်ချက်များမှာ
ကိုယ်လည်းပညာရ ဝါသနာတူ သူငယ်ချင်းတွေလည်းလေ့လာစေချင်တဲ့ ရည်ရွှယ်ချက်ဖြင့်ရေးသားခြင်း
ဖြစ်ပါတယ် အဓိက ကတော့ စာရေးခြင်းကိုဝါသာပါသောကြောင့်ဖြစ်ပါတယ်။
တန့်ဆည်သားလေး၏ဆရာများမှာ
ဆရာဂြိုလ်သား(သံယောဇဉ်ကမ္ဘာ)
ဆရာJustingaung {သဇင်ချစ်သူ(စွယ်စုံရသ)}
စွယ်စုံပညာဖြန့်ဝေနေသော ဆရာမောင်(စွယ်စုံကျမ်း)နှင့်blogပညာရှင်များဖြစ်ပါတယ်။
တကယ်လို့ မုံရွှာမြို့သို့အကြောင်းအမျိုးမျိုးကြောင့်ရောက်ခဲ့ရင် တန့်ဆည်မြို့လေးသို့အလည်လာဖို့
ဖိတ်ခေါ်ပါတယ် အခုတလောနာမည်ကြီးနေတဲ့လှတောနဲ့လည်းမဝေးပါ အညာစကားနဲ့ပြောရရင်တော့
အညာသားတဟို့ သာဝေးပါတယ် တန့်ဆည်မြို့မှာလည်း အမတ်ကြီးဦးပါ်ဦးတည်ထားကိုးကွယ်သော
ဘုရားနှင့် စစ်သူကြီးဘုရား ၊ ရေလယ်ဘုရား တခိုကြီးဘုရားများစွာရှိပါသည်။ အညာဖြစ်သောကြောင့်
စကားပြောပွင့်လင်းပါတယ် ရိုးသားသောအညာသူအညာသားများဖြစ်ခြင်းကြောင့် ဟန်တောင်မူ့ကင်းကာ
ကြည်နူးဖွယ်ရသကိုလည်းခံစားနိုင်ပါကြောင်း ပြောရင်း အဲ..(ရေးရင်းဆိုပါတော့)တန့်ဆည်မြို့လေးသို့
တန့်ဆည်သားလေးမှအလည်ဖိတ်ခေါ်ပါတယ်ဗျာ....တန့်ဆည်သားလေးရဲ့သူငယ်ချင်းအားလုံးစိတ်၏
ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ တန့်ဆည်သားလေးမှမေတ္တာပို့သလျှက်
တန့်ဆည်မြို့က
တန့်ဆည်သားလေး
0 comments: