Sony Xperia J ကို Root လုပ်ခြင်း
အရင်က လာတဲ့
Sony Xperia J တွေရဲ့ build number က 11.0.A.3.28 ပါ။ အဲဒီတုန်းက root with
restore v18 နဲ့ root လုပ်ရင်ရပါတယ်။ အခု build number က 11.0.A.7.5 ပါ။ ဒါကြောင့်
root with restore v18 နဲ့ root လုပ်ဖို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့
firmware ကို 11.0.A.3.28ဖြစ်အောင် flash လုပ်ပြီး root လုပ်ကြည့်ရအောင်ဗျာ။
အရင်ဆုံး လိုအပ်တာတွေဒေါင်းပါ။
ကဲဒေါင်းလုပ်ပြီးသွားရင်တော့ စပြီး Root ကြရအောင်ဗျာ။
အဆင့်နှစ်ဆင့်လိုတယ်ဗျ။
ပထမအဆင့်က firmware ကို 11.0.A.3.28_WE.ftf ဖြစ်အောင်flash လုပ်တာပါ၊
ဒုတိယအဆင့်က Root လုပ်တာပါ။
ကဲ..ပထမအဆင့်ကိုစလုပ်ရအောင်။
၁။ ဒေါင်းလုပ်ဆွဲထားတဲ့ flashtool v0.9.10.1 ကို computer မှာ Install လုပ်ပါ။
၂။ ဒေါင်းလုပ်ဆွဲထားတဲ့ ST26i_11.0.A.3.28_WE.ftf ကို C:\Flashtool\firmwares ထဲကိုကူးထည့်ပါ။
၃။ ဒေါင်းလုပ်ဆွဲထားတဲ့ Xperia J driver ကို extract လုပ်ပြီးအထဲကST26.ftd ကို C:\Flashtool\devices ထဲကိုကူးထည့်ပါ။
၎။ ဖုန်းထဲမှာ လိုအပ်တဲ့ Setting>Develper Options>usb debugging ကို on လိုက်ပါ။Settings>Xperia>Connectivity>USB connection mode>msc mode ကိုပြောင်းပေးပါ။
၅။ C:/Flash Tool/Flash Tool.exe ကို right click နှိပ်ပြီး Run as administrator ဆိုပြီး run လိုက်ပါ။ ပုံထဲက ပြထားတာတွေအတိုင်းအဆင့်ဆင့်လုပ်သွားလိုက်ပါ။

ကဲ...ဒါတွေပြီးရင်တော့ firmware ကို ST26i_11.0.A.3.28 ဖြစ်အောင် flash လုပ်လို့ပြီးပါပြီ။
ဒုတိယအဆင့်အနေနဲ့ ကျွန်တော်ပေးထားတဲ့ Root with Restore V18 နဲ့ root လုပ်လိုက်တော့ဗျာ။
ဒါဆိုရင်ရပြီနော်
ST26i_11.0.A.7.5 ကို ပြန်ပြီး flash လုပ်ချင်ရင်တော့အောက်မှာဒေါင်းပါခင်ဗျာ။
0 comments: